ခင်ပွန်းကိုလွမ်းနေရတယ်ဆိုတဲ့ ခင်ဘုဏ်း

Published on Wednesday, September 21, 2011 by Administrator
ခင်ဘုဏ်းကအခုလတ်တလောတော့ အလွမ်းဝေဒနာခံစားနေရတယ်။ ခင်ပွန်းက အမေရိက ကိုသူ့ရဲ့အလုပ်တွေမပြတ်သေးလို့ခဏပြန်သွားတာလေ။ ဒီတော့ခင်ဘုဏ်းကတစ်ယောက် တည်းပဲကျန်ခဲ့တာပေါ့။ ခင်ဘုဏ်းရဲ့အခွေအတွက် သီချင်းတွေအားလုံးတီးပေးသွားပြီးပြီ။ သူ့ ရဲ့အတီးပိုင်းတွေအားလုံးတော့ပြီးသွားပြီ။ အပုဒ်ရေက ၂၅ ပုဒ်လောက်ရှိမယ်။ အဲဒီထဲကမှပြန် ရွေးရမှာ။ ခင်ဘုဏ်းကသာမအားလို့မဆိုဖြစ်တာပါ။ အခွေထွက်မယ့်အချိန်ကျရင်တော့ သူခွင့် ရခဲ့ရင်တော့ပြန်လာမှာပါ။ တစ်ခါတလေကျရင်တော့ ငယ်ငယ်တုန်းကဖြတ်သန်းခဲ့တဲ့ဘဝလေး ကိုတကယ်အမှတ်ရဖြစ်တယ်။ ကလေးလည်းဆန်ပြီးတော့ သိပ်ပျော်ဖို့ကောင်းပါတယ်။ တစ်ခါ တစ်လေကျရင်အဲလိုဘဝမျိုးကိုပြန်လိုချင်တယ်။ အခုနောက်ပိုင်းတော့ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ် နေတာဆိုတော့ ရွှေထိုက်နဲ့လည်းသိပ်မတွေ့ဖြစ်ပါဘူး။ သီချင်းကလည်း ကိုယ့်အခွေနဲ့ကိုယ် ရှုပ်နေတာဆိုတော့ အခွေတွဲလုပ်ဖို့အစီအစဉ်မရှိသေးပါဘူး။ ခင်ဘုဏ်းသားသမီးယူဖို့တော့မ စဉ်းစားသေးဘူး။ တခြားလုပ်စရာလေးတွေလည်းရှိသေးတယ်။ ဘယ်တော့ယူမယ်ဆိုပြီးမစဉ်း စားထားပါဘူး။ အားလုံးအဆင်ပြေမယ့်အချိန်ပေါ့။ လူလည်းအား၊ စိတ်လည်းအား၊ အဲဒီလိုအ ချိန်ကျမှပဲယူဖို့စဉ်းစားထားပါတယ်။ ကိုးကား - ပေါ်ပြူလာဂျာနယ်

Post a comment

myanmar movies, myanmar flights, myanmar songs, myanmar mp3, myanmar actors, myanmar actress, movies, flims, flights, holidays, bagan, myanmar yangon, mandalay, music concerts, gossip, celebrity, celebrities, myanmar models, myanmar images, myanmar pictures, travel to myanmar, buy tickets, call to myanmar, gifts to myanmar