အပြန်အလှန်နားလည်မှအဆင်ပြေမယ်ဆိုတဲ့ မိုးယုစံ
Published on
Tuesday, September 20, 2011 by
Administrator
မိုးယုက မိုးအောင်ရင်နဲ့အတူတူဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။
တက်သစ်စမင်းသားကောင် လေးရဲ့ ချစ်သူတစ်ယောက်အဖြစ်သရုပ်ဆောင်နေပါတယ်။
အပြင်မှာကိုယ့်ချစ်သူကအနုပညာ ရှင်ဖြစ်မယ်ဆိုရင်လည်း
ကိုယ်လုပ်တဲ့အလုပ်ကိုသဘောကျတဲ့သူကိုပဲ ရွေးဖြစ်မယ်ထင်တယ်။
ကိုယ့်ကိုတကယ်ချစ်ရင်နားလည်ပေးရမယ်။ ကိုယ်လည်းနားလည်မှုပေးမယ်။
အပြန်အလှန် ပေါ့။ မိုးယုတို့ကျတော့ အနုပညာအလုပ်လုပ်နေတာဆိုတော့
တခြားအပြင်လူတွေလိုမဟုတ် ဘူးလေ။ မင်းသားတွေနဲ့လည်းတွဲရတော့
ဒါလေးတော့နားလည်မှုရှိရမှာပေါ့။ အပြန်အလှန်နား လည်မှအဆင်ပြေမယ်လေ။
ကြော်ငြာတွေရိုက်ဖို့ရှိပါသေးတယ်။ ကြော်ငြာတွေကရိုက်ပြီးရင်
အများဆုံးကြာလည် ၁ လလောက်ပဲလေ။ အမြန်ဆုံးထွက်တယ်။ ကားရိုက်ကကြာတယ်။ ဒါ
ကထုတ်တဲ့သူပေါ်မှာလည်းမူတည်တယ်။ ကြော်ငြာကတော့
ပရိသတ်နဲ့အမြန်ဆုံးနီးစပ်ပါ တယ်။ ရှိုးပွဲတွေလည်းလျှောက်ဖို့ရှိပါတယ်။
ရှိုးပွဲတွေကိုလည်းရွေးပြီးလျှောက်ဖြစ်ပါတယ်။ ခင်
မင်တဲ့သူတွေလောက်ပဲလျှောက်ဖြစ်ပါတယ်။
Tags:
Moe Yu San