Valentine Day မှာချစ်သူနဲ့အတူတူရှိမယ့် ဖြိုးငွေစိုး
Published on
Monday, February 14, 2011 by
Administrator
Valentine Dayမှာ ထွေထွေထူးထူးဖြတ်သန်းဖို့အစီအစဉ်မရှိပါဘူး။
ပုံမှန်အတိုင်းမနှစ်ကတွေ လိုပဲ ဖြတ်သန်းဖို့အစီအစဉ်ရှိပါတယ်။
ကျွန်တော်ချစ်သူနဲ့အတူရှိပြီး ဆိုင်လေးတစ်ဆိုင်မှာအ တူတူသွားစားကြမယ်။
နောက်ပြီးချစ်သက်လက်ဆောင်လေးတွေ အပြန်အလှန်ပေးကြမယ် ပေါ့။ Valentine
Day မှာတော့ရန်ကုန်မှာပဲရှိမှာပါ။ Valentine Day ကိုဘယ်လိုနားလည်ထား
လဲဆိုတော့ မြန်မာတွေနဲ့ဆိုင်တဲ့ကိစ္စတစ်ခုမဟုတ်တဲ့အတွက်
သိပ်ပြီးစိတ်မဝင်စားဖြစ်ပါဘူး။
ဒါပေမဲ့ချစ်သူများရဲ့နေ့ဆိုတော့ထုံးစံအတိုင်းချစ်သူအတွက်
ချစ်သက်လက်ဆောင်အဖြစ် တစ် ခုခုဝယ်ပေးဖြစ်မယ်။
မနှစ်ကပေးခဲ့တဲ့ချစ်သက်လက်ဆောင်ကိုတော့ မပြောတော့ဘူး။ လျှို့
ဝှက်ချက်တစ်ခုအနေနဲ့ချန်ခဲ့မယ်နော်။ ကျွန်တော်တို့ နှစ်ယောက်အတွက်
Valentine Day
မှာအမှတ်တရစကားပြောချင်တာက
ချစ်သူတွေအားလုံးစိတ်မကောက်ကြပါနဲ့လို့ပြောချင်ပါ တယ်။
ကိုးကား - 8DAYS
Tags:
Phyo Ngwe Soe