အကယ်ဒမီပွဲအပြန် ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ဝိုင်း

Published on Monday, February 14, 2011 by Administrator

ဇန်နဝါရီ ၂၂ ရက်နေ့အကယ်ဒမီပွဲကိုသွားတဲ့လမ်းမှာ အစ်ကိုစီးလာတဲ့ကားမတော်တဆဖြစ်ခဲ့ ပါတယ်။ လူကတော့ဘာမှမဖြစ်ပါဘူး။ ပွန်းရုံလောက်ပါပဲ။ ငှားလာတဲ့ဆလွန်းကတော့ တော် တော်ပျက်စီးသွားတယ်။ ဘယ်လိုမောင်လို့ဖြစ်တာလဲဆိုတော့ ကားမောင်းတဲ့သူကအရှိန်နဲ့ မောင်းနေတုန်း ရှေ့ကဆိုင်ကယ်တစ်စီးကိုရှောင်လိုက်တဲ့အချိန်မှာ လမ်းဘေးကဆိုင်တွေကို ဝင်တိုက်သွားတာပါပဲ။ အစ်ကိုကကားနောက်ခန်းထဲမှာ နည်းနည်းနေမကောင်းလို့မှိန်းနေတာ ပါ။ နည်းနည်းတော့လန့်သွားတာအမှန်ပါပဲ။ တော်တော်လေးကိုကံကောင်းတယ်လို့ ပြောရ မှာအမှန်ပါပဲ။ ဆေးရုံတွေဘာတွေလည်း မတက်ရပါဘူး။ ကောင်းကောင်းမွန်မွန်ပါပဲ။ ဒီနှစ် အကယ်ဒမီပွဲကတော့ ရတဲ့သူတွေကိုလက်ဆွဲနှုတ်ဆက်ဖို့ပါပဲ။ အစ်ကို့အနေနဲ့အကယ်ဒမီကို မမှန်းထားတဲ့အတွက် မရတော့လည်းဘာမှထူးထူးခြားခြားမခံစားရပါဘူး။ အစ်ကိုဒီနှစ်ထဲမှာ တော့ရုံကြီးကားတစ်ကားရိုက်ဖို့ ပြောထားတာရှိတယ်။ ဒါပေမဲ့ ရိုက်ဖို့သေချာမသေချာတော့မ သိဘူး။ မသေချာသေးဘူးဆိုတာက ညှိနှိုင်းရတာကလည်းနည်းနည်းခက်ခဲတယ်။ ဘာလို့လဲ ဆိုတော့ရုပ်ရှင်ကတန်းလည်းကျတယ်။ နောက်ပြီးသရုပ်ဆောင်တွေကလည်း ယူထားတဲ့ ကြေးတွေကများနေတဲ့အခါကျတော့ ပရိုဂျူဆာအနေနဲ့အများကြီးစဉ်းစားရတာပေါ့။ အဲဒါတွေ ကနည်းနည်းတော့ပြဿနာစပေါ်လာပြီ။ အရင်တုန်းကဆိုရင် ဟာသကားရိုက်ရင်ပိုက်ဆံရ တယ်လို့ပြောကြတယ်။ အခုကတော့ဟာသလည်း ဒီလောက်မဟုတ်တော့ဘူးဖြစ်နေတယ်။ အဲဒီအပေါ်မှာတော့ နည်းနည်းစဉ်းစားသင့်ပြီလို့ထင်တယ်။ ဘာရိုက်မလဲ၊ ဘာလုပ်မလဲဆို တာကိုတာကိုပေါ့။

ကိုးကား - ပေါ်ပြူလာဂျာနယ်

1 comment for “အကယ်ဒမီပွဲအပြန် ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ဝိုင်း”

Post a comment

myanmar movies, myanmar flights, myanmar songs, myanmar mp3, myanmar actors, myanmar actress, movies, flims, flights, holidays, bagan, myanmar yangon, mandalay, music concerts, gossip, celebrity, celebrities, myanmar models, myanmar images, myanmar pictures, travel to myanmar, buy tickets, call to myanmar, gifts to myanmar