မျိုးဆက်သစ်တွေ ထက်ထွက်လာဖို့ အားလျော့သွားမယ် ဆိုတဲ့ တင်မောင်ဆန်းမင်းဝင်း

Published on Monday, February 14, 2011 by Administrator

ဆို၊ က၊ ရေး၊ တီးမှာပြိုင်တယ်ဆိုတာက သူတို့ချပေးတဲ့ မေဂျာတစ်ခုကိုပြိုင်ရတယ်။ မင်းသား တစ်ယောက်ဖြစ်နေပြီး သူဘာပိုင်နိုင်လဲဆိုတာပြရတယ်။ ဆို၊ က ရေး၊ တီးပိုင်းမှာဝင်ပြိုင်တဲ့သူ တွေက ထပ်လာပြီဖြစ်တဲ့အတွက် ပရိသတ်တွေကြည့်ရတာရိုးသွားတာမျိုးတွေမဖြစ်အောင် နောက်ပိုင်းမှာ ခေတ်ပြဇာတ်တွေနဲ့နှစ်ပါးသွားအကတွေကို ပြိုင်စေချင်တယ်။ ဆို၊ က၊ ရေး၊ တီးတွေမရှိတော့ရင် မျိုးဆက်သစ်တွေ ထပ်ထွက်လာဖို့အားလျော့သွားလိမ့်မယ် ထင်ပါတယ်။ အစ်ကို့အနေနဲ့ကတော့ မြန်မာအကတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြိုင်ကြတဲ့ပွဲလေးကို အပြင်ပုဂ္ဂိုလ်တွေ ကနေလုပ်ပေးစေချင်တယ်။ အစ်ကိုလည်းအဲဒီလိုလုပ်ဖြစ်အောင် ကြိုးစားနေတယ်။ မြန်မာအ ကတွေက ယဉ်ကျေးမှုမှာပဲရှိတယ်လေ။ အပြင်ပုဂ္ဂလိကတွေမှာမရှိဘူး။ MRTV 4 ထဲမှာအက အဖွဲ့တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြိုင်ကြသလိုပေါ့။ သူတို့ကအနောက်တိုင်းအကတွေကို သူတို့ပါဖော့ မန့်တွေနဲ့ပေါင်းပြီးပြိုင်ကြတယ်။ အစ်ကိုတို့ဘက်ကလည်း မြန်မာအကတွေကကိုဘယ်လိုပါ ဖောမန့်တွေနဲ့ ဝင်ပြိုင်ကြမလဲ၊ ကိုယ့်တီးလုံးနဲ့ကိုယ် အဖွဲ့ဖွဲ့ပြီးဝင်ပြိုင်ကြတဲ့ပွဲလေးဖြစ်စေချင် တယ်။

ကိုးကား - ပေါ်ပြူလာဂျာနယ်

Post a comment

myanmar movies, myanmar flights, myanmar songs, myanmar mp3, myanmar actors, myanmar actress, movies, flims, flights, holidays, bagan, myanmar yangon, mandalay, music concerts, gossip, celebrity, celebrities, myanmar models, myanmar images, myanmar pictures, travel to myanmar, buy tickets, call to myanmar, gifts to myanmar