မိဘမေတ္တာက ကြီးမာတယ် ဆိုတာထက်ကို ပိုကြီးမားတယ်ဆိုတဲ့ စိုးမိုးကြည်
Published on
Monday, February 14, 2011 by
Administrator
မိဘမေတ္တာဆိုတာက အတိုင်းအဆမရှိဘူးလေ။ သားသမီးတွေအပေါ်မှာ
မိခင်တစ်ယောက် ဖြစ်လာရင်ထားတဲ့ မေတ္တာဘာနဲ့မှတိုင်းဆလို့မရဘူးလေ။
တခြားအရာတွေဆိုရင် နမူနာပေးပြီး နှိုင်းလို့မရဘူး။
မိဘမေတ္တာကတော့နှိုင်းလို့မရဘူး။ မိဘမေတ္တာကကြီးမားတယ်လို့ပြောတာ
ထက်ပိုပြီးကြီးမားတယ်။ သူတို့က ကိုယ့်ရဲ့ကိုယ်ပွားလေးဆိုတော့
သူတို့တစ်ခုခုဖြစ်မှာကို အ သေးအဖွဲလေးကအစ
အရမ်းဂရုစိုက်ပြီးလုပ်ပေးပါတယ်။ ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်
လုပ်သူတို့ကိုစိတ်ချမ်းသာစေချင်တယ်။
သူတို့ပျော်ရွှင်တာကိုပဲမြင်ချင်တယ်။ အားတဲ့အချိန်ဆို ရင်
သူတို့အတွက်ပေးထားတယ်။ စားချင်တာတွေချက်ပေးတယ်။ ကိုယ်ကတော့မိဘအနေနဲ့
သူတို့ကိုမှန်မှန်ကန်ကန်နဲ့ လမ်းကိုလျှောက်စေချင်တယ်။
လမ်းမှားမရောက်အောင်တော့ တည့်မှတ်ပေးရတယ်။ ဖေးဖေးမမနဲ့ထိန်းပေးရတယ်။
သမီးကိုတော့မိန်းကလေးဆိုတော့ ဆရာဝန်မလေးဖြစ်စေချင်တယ်။
သားလေးကိုတော့သူနှစ်သက်ရာအမွေပေးတဲ့အနေနဲ့ အနုပ
ညာရှင်တစ်ယောက်ဖြစ်စေချင်တယ်။ သူ့မှာအနုပညာအငွေ့အသက်လေးတွေတော့
မြင်တွေ့ ရတယ်။ ဒါပေမဲ့ ကိုယ်ဖြစ်စေချင်ပေမယ့် ဖြစ်ချင်မှဖြစ်တာလေ။
ဒါပေမဲ့အခုငယ်သေးတော့ မပြောတတ်သေးဘူး။ Shopping ထွက်ရင်
သူတို့အတွက်လိုအပ်တာလေးတွေကိုဝယ်ပေးဖြစ် တယ်။ လိုအပ်တာထက်
အပိုတွေကိုတော့သူတို့ကိုအသုံးဝင်တယ်၊ အသုံမဝင်ဘူးဆိုတာကို
ပြောပြပြီးဝယ်ပေးသင့်တာကို ဝယ်ပေးတယ်။ ကလေးဆိုတော့
အပိုလိုချင်တာတွေရှိတော့ လည်း လိုအပ်တာကိုရှင်းပြပြီးတော့ ဝယ်ပေးတယ်။
မလိုအပ်တာတွေကိုတော့ ပြောပြရတာ ပေါ့။ ကစားစရာလေးတွေတော့
ဝယ်ပေးပါတယ်။
ကိုးကား - 8DAYS
Tags:
Soe Moe Kyi