မိုးယု ရွေးချယ်ရမယ်ဆိုရင် မိုးယုလည်းကြိုက်မယ့်ကား၊ နောက်နေရာလည်းတစ်နေရာရမယ့် ကားကိုပဲရွေးချယ်မှာပါ။ ဗီဒီယိုမို့လို့၊ ဒီဗီဒီမို့ရယ်တော့မဟုတ်ပါဘူး။ ဒီဗီဒီကားကြီးအတွက် ရိုက်တာတော့ကောင်းပါတယ်။ ဒါပေမဲ့ကိုယ်မကြိုက်တဲ့နေရာကြီးတော့ မလုပ်ချင်ဘူး။ အဲဒီအ တွက်ထားပါတော့။ ဗီဒီယိုက ဒီဗီဒီထက်ဇာတ်လမ်းပိုကောင်းမယ်၊ လုပ်ကွက်ပိုရမယ်ဆိုရင် တော့ ပိုကောင်းတာပဲရွေးချယ်ဖြစ်တယ်။
စင်ကာပူကို နှစ်သစ်နှင်းဆီအဖွဲ့နဲ့ အငြိမ့်သွားကဖို့ရှိ ပါသေးတယ်။ အနုပညာလောကထဲရောက်တည်းက ပြည်ပဖျော်ဖြေရေးထွက်တိုင်း နှစ်သစ် နှင်းဆီ အဖွဲ့နဲ့ပဲသွားဖြစ်ပါတယ်။ အခုတစ်ခေါက်သွားမှာနဲ့ဆို ၃ ခေါက်ရှိသွားပြီ။ မြန်မာအက ကိုပရော်ဖက်ရှင်နယ်အနေနဲ့ ကတတ်တာမျိုးမဟုတ်ပါဘူး။ သရုပ်ဆောင်တစ်ယောက် အနေနဲ့ သာကတတ်သေးတယ်။ ပြည့်ပဖျော်ဖြေပွဲမှာ အငြိမ့်ကရတာများတဲ့အတွက် အကပညာကို သေသေချာချာသင်ရဦးမှာပါ။
ကိုးကား - ပေါ်ပြူလာဂျာနယ်






