အနုပညာအလုပ်ဆိုရင် အားလုံးကိုစိတ်ဝင်စားတယ်ဆိုတဲ့ မိုးယုစံ

အနုပညာသက်တမ်း ၂ နှစ်မှာ ဇာတ်ရုပ်ရွေးချယ်တဲ့အပိုင်က ကိုယ်နဲ့လည်းလိုက်မယ်၊ နေရာ လေးတစ်ခုလည်း ရမယ်ဆိုရင် ရိုက်ဖြစ်ပါတယ်။ နိုင်ငံတကာသွားတဲ့အခါနိုင်ငံကိုယ်စားပြုသွား ရတာနဲ့ ဖျော်ဖြေရေးသွားရတာ နှစ်ခုလုံးက အနုပညာရှင်တစ်ယောက်အနေနဲ့ပဲ သွားရတာပါ။ နိုင်ငံကိုယ်စားပြုသွားရတဲ့အခါ တခြားနိုင်ငံက လူငယ်တွေနဲ့တွေ့ဆုံခွင့်ရတယ်။ အသိတွေ၊ ဗ ဟုသုတတွေ သိခွင့်ရတယ်။ လေ့လာခွင့်ရတယ်။

ဖျော်ဖြေရေးသွားတဲ့အခါ နိုင်ငံခြားမှာရောက် နေတဲ့ မြန်မာတွေကို ကိုယ်တတ်စွမ်းတဲ့ အနုပညာရှင်နဲ့ ဖျော်ဖြေခွင့်ရတဲ့အပေါ်ကြည်နူးမိပါ တယ်။ ပီတိဖြစ်ရပါတယ်။မိုးယုက မိဘစကားကိုအမြဲနားထောင်ပါတယ်။ မိုးယုကိုယ့်သဘော နဲ့ဘယ်တော့မှမဆုံးဖြတ်ပါဘူး။ အဓိကကတော့ ကိုယ့်ကိုမြတ်မြတ်နိုးနိုးနဲ့ အလိုလိုက်တဲ့ သူကို သဘောကျတယ်။ မိန်းကလေးတိုင်းရဲ့ဆန္ဒဖြစ်မယ်ထင်ပါတယ်။ အလျော့ပေးတဲ့သူ၊ ကိုယ့်ကို အနိုင်မယူတဲ့သူပေါ့နော်။ ပြီးတော့သစ္စာလည်းရှိမယ်။ အခုကြားနေတဲ့ မင်းသားတစ်ယောက် နဲ့ ရည်းစားဖြစ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ မိုးယုက အနုပညာအလုပ်ဆိုရင် အားလုံးကိုစိတ် ဝင်စားတယ်။

ကိုးကား - နံနက်ခင်းဂျာနယ်

 

blog comments powered by Disqus