ဒါရိုက်တာ မောင်အောင်
(ရူပဗေဒ) ရိုက်ကူးပြီး သရုပ်ဆောင် ကိုလူမင်း နဲ့ တွဲတာပါ။
ကိုလူမင်းရော ဒါရိုက်တာ ရော က ဝါရင့်အနုပညာရှင်တွေဖြစ်လို့
သမီးသရုပ်ဆောင်တဲ့နေရာမှာ အများကြီး အထောက်အကူရပါတယ်။ ကိုလူမင်းက
အများကြီးသင်ပေးတယ်။ ဘေးကနေ လိုတာ အကုန်ပြောပြတယ်။ သမီးက အရင်ကတည်းက
ကိုလူမင်း ပရိသတ်လေ၊ အဆင်ပြေပါတယ်။ သမီးနဲ့ တွဲရတဲ့
ဝါရင့်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေက စေတ နာ အပြည့်နဲ့ သင်ပေးကြပါတယ်။
ကိုလူမင်းကို သမီးအဖေလို့ စိတ်ထဲမှာ သဘောထားလိုက်တယ်။ ဒီတော့
သရုပ်ဆောင်ရတာ ပိုလွယ်တယ်။ ရိုက်ကွင်းမှာ သမီးပျော်တယ်။
သမီးအလုပ်လုပ်နေရင် အလုပ်ထဲမှာ စိတ် ထည့်ထားတယ်။ ဖုန်းတွေ ဘာတွေလည်း
မကိုင်ဘူး။ စိတ်ပျံ့သွားမှာစိုးလို့လေ။ တစ်ခါတလေ အလုပ်နဲ့ ပတ် သက်ပြီး
စိတ်အနှောင်အယှက် ဖြစ်ရတာလည်း ရှိပါတယ်။ သမီးက ကိုယ်နဲ့လိုက်မယ့်၊
ကိုယ်လုပ်နိုင်မယ့် ဇာတ် လမ်းပုံစံ သရုပ်ဆောင်ချင်တယ်။
ဇာတ်လမ်းရွေးတာကတော့ မေမေနဲ့ တိုင်ပင်ပြီး ရွေးဖြစ်ပါတယ်။ သင်္ကြန်ရက်
တွေမှာ ခရီးသွားရင်း ကုန်ဆုံးရမလား၊ အိမ်မှာပဲ နေဖြစ်မလား
စဉ်းစားမရသေးတဲ့ ဝတ်မှုန်ရွှေရည်က အခုအချိန် မှာ တခြားဘာအာရုံမှ မရှိဘဲ
အလုပ်ကိုပဲ တစိုက်စိုက်မတ်မတ်လုပ်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။ "ဘာဘီ
အရုပ်ကလေး" ဇာတ်ကားကို ပထမဆုံး ဖြန့်ချိတဲ့အခါမှာလည်း ပရိသတ်က
လက်ခံအားပေးကြပါတယ်။
ဓါတ်ပုံ - ရွှေဒါလင်







