
ပရဟိတလုပ်ငန်းအပေါ် အစ်မခံယူချက်ကို
ပြောရမယ်ဆိုရင်တော့ အကောင်းဆုံးလုပ်ငန်းတစ်ခုပေါ့။ ဘ၀မှာ
အကောင်းဆုံးကတော့ အလှူအတန်းပဲလို့ အစ်မထင်တယ်။ စားစရာမရှိ
လှူစရာရှိဆိုတာမျိုး အစ်မက ကိုယ် မစားရရင် နေပါစေ လှူလိုက်ရရင်ပဲ
စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်မိပါတယ်။ နိုင်ငံခြားက သရုပ်ဆောင်တွေ သူ တို့
ပရိသတ်တွေကို ဦးဆောင်ပြီး ပရဟိတ လုပ်ငန်းတွေ လုပ်တာ တအား အားကျမိတယ်။
အစ်မတို့လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။
အလှူတွေ အများကြီးလုပ်ဖူးပါတယ်။ ခုနောက်ဆုံး လုပ်ထားတာကတော့ ရှင် (
၁၀၈ ) ပါးအလှူပေါ့။ ကြုံရင်ကြုံသလို ကိုယ်တတ်နိုင်သလောက် အခြေအနေပေါ်
မူတည်ပြီး အမြဲတမ်းတော့ လှူဖြစ်နေတာပေါ့။ နောက် ဘုန်းကြီးကျောင်းမှာ
ဘာလိုလဲ၊ အုတ်လိုလား၊ သဲလို လား၊ ပရိတ်သတ်ကိုသာ ချမပြဖြစ်တာပါ။
အမြဲတမ်းတော့ လှူဖြစ်နေတယ်။ ကြီးကြီးမားမားလှူတဲ့အလှူမျိုး
လုပ်ချင်တယ်။ အခြေအနေနဲ့ အချိန်အခါ မပေးသေးဘူး။
ဓါတ်ပုံ - မျက်ဝန်းရိပ်
'Eaindra Kyaw Zin' Image Gallery



























