သားစိုးရဲ့
"ရောတယ်၊ မွှေတယ်" သင်္ကြန်သီချင်း စီးရီးမိတ်ဆက်ပွဲကို City Star Hotel
မှာ မတ်လ ၂၅ ရက်နေ့ နေ့လည်မှာ ပြုလုပ်ပါတယ်။
ဤမိတ်ဆက်ပွဲသို့ သားစိုးရဲ့ ဇနီး အမေရိကားမှ ခေတ္တပြန်လာသူကို တွေ့ရပါတယ်။
အရင်လို နတ်ဒိုးသံမပါဘဲ ဒီစီးရီးမှာတော့ အာရေဗီယမ်နွယ်တဲ့ တီးလုံးသုံးထားကြောင်း၊ မြန်မာသံစဉ်တွေကို သူ ကိုယ်တိုင်ရေးထားကြောင်း ပြောပါတယ်။
တိုင်းကျိုးပြည်ပြုစာတွေလည်း ရေးမှာကြောင့် အားပေးကြပါလို့ ပြော ကြားပါတယ်။
ဧပြီ ၃ ရက်မှာ "ရောတယ်၊ မွှေတယ်" ပရိုမိုးရှင်းလက်မှတ်ထိုးပွဲကို ဗစ်တိုရီးယားကုန်တိုက်မှာ ပြုလုပ်မှာဖြစ်ပြီး ဧပြီ ၄ ရက်မှာ ပြည်သူ့ရင်ပြင်တွင် လက်မှတ်ထိုးရောင်းချမယ်။
ဧပြီ ၁၂ ရက်မှာ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ခွေ Free Show ကို သူထူးစံ၊ အနဂ္ဂ၊ ဖိုးချစ်၊ ရန်ရန်ချန်း၊ ဘန်နီဖြိုး၊ ရတနာဖြူဖြူအောင် တို့ ပါဝင်ကြမှာပါ။
ဓါတ်ပုံ - thaxsoe.com






