အဓိကပွဲကတော့ ၀ါရှင်တန်ဒီစီကဖိတ်လို့
အစ်ကိုတို့သွားရမှာ။
ဒီကနေ အစ်ကိုနဲ့မဆင့်သွားမှာ။ သီချင်းတွေဆို ဖြစ်မယ်။
ပြီးရင်တစ်ခြားမြို့တွေမှာလည်းစီစဉ်နေတယ်လို့ကြားတယ်။
LA မှာဖြစ်မလား၊ ဆန်ဖရန်စစ္စကိုမှာ ဖြစ် မလားတော့ မသိဘူး။
နိုင်ငံခြားမှာရှိတဲ့ သူတော်တော်များများက သက်ကြီးပိုင်းတွေများတယ်။
ဟိုမှာအခြေချတဲ့ လူတွေက သူတို့ခေတ်ကမြန်မာသံသီချင်းတွေကိုကြိုက်ကြတယ်။
ခေတ်ပေါ်တေးတွေပေါ့။ ကိုဝင်းဦးသီချင်းတို့၊ ကိုသန်းနိုင်သီချင်း၊ ကိုစိုးပိုင်သီချင်းတွေကို တော်တော်များများသိကြတယ်။ ကြိုက်ကြတယ်။
တစ်ခါတုန်းက အစ်ကို သြစတြေးလျှမှာ ဦးအံ့ကြီးရဲ့ သူကလေး ဆိုတဲ့ သီချင်းကိုဆိုတော့ အောက်ကလူကြီးတစ်ယောက်က ကြည့်ရင်းငိုနေတာ။ သတိရလို့တဲ့ (ရယ်လျှက်)။
နိုင်ငံခြားသားတွေကလည်း မြန်မာ့ဂီတရဲ့ ဆိုင်းသံဗုံသံစောင်း
တွေနဲ့တီးတာတွေကို ထူးထူးဆန်းဆန်းဖြစ်တာပေါ့။
နောက်ပြီး မြန်မာဂီတမှာ တချို့ဟာတွေက သံစဉ်ကောင်း တာတွေရှိတယ်။
အဲဒါတွေက သူတို့သံဇဉ်နဲ့မတူတဲ့အခါကျတော့ သူတို့နားထဲမှာ
ခံစားမူအသစ်တစ်ခုဖြစ်တာ ပေါ့။
နတ်ဖြစ်ရတဲ့ဒုက္ခ ကားမှာ အထူးပြုလုပ်ချက်တွေ အများကြီး ပါပါတယ်။
Animation ရိုက်ရတာက နှစ်ကိုယ်ခွဲရိုက်ရသလိုပါပဲ။ အိုက်တင်ကိုဟိုဘက် ဒီဘက်ချိန်းရတယ်။
ဘယ်နေရာမှာပေါ်မယ်၊ ဘယ်နေရာမှာ ပျောက်မယ်ဆိုတာကို ကြိုတွေးရပါတယ်။ ကြိုပုံဖော်ပြီးမှ လုပ်ရပါတယ်။
ဒီလိုအထူးပြုလုပ်ချက်ဖန်တီးမူတွေက သရုပ်ဆောင်တစ်ယောက်ရဲ့ အရည်အသွေးပံ့ပိုးပေးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ကမ္ဘာမှာလည်း အဲဒါက တအားကိုခေတ်စားနေတာလေ။
သရုပ်ဆောင် အတတ်ပညာနဲ့ ပြုလုပ်ချက်တွေကို ရောလိုက်တာပေါ့။
ဒါပေမဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ဒီပြုလုပ်ချက်တွေကိုတတ်ကျွမ်း နားလည်ထားဖို့လိုပါတယ်။
ဒီရုပ်ရှင်ကားကို ရိုက်နေတုန်းကတော့စိတ်က တထိတ်ထိတ်တော့ဖြစ်တာပေါ့။
အိုက်တင်တွေ အချိတ်အဆက်မှ မိပါမလားဆိုပြီး စိုရိမ်မိတာပေါ့။
ပြန်ကြည့်တဲ့အခါကျတော့ တော်တော်များများကျေနပ်စရာကောင်းပါတယ်။ ကိုယ်ဆိုရင် အရမ်းသဘောကျတယ်။
PHOTO : all-channel.com







