၁၅ ရက်နေ့ ရန်ကုန် သင်္ကြန်မှာ ဗုံးပေါက်ကွဲမူကြောင့် ထိခိုက်
ဒဏ်ရာရသူ အရေအတွက်ဟာ ၉၄ ကနေ ၁၇၀ ထိရှိနိုင်တယ်လို့ မြန်မာ့
အလင်းသတင်းစာက ရေးသားထားပါတယ်။
ထိခိုက်ဒဏ်ရာ ရသူများထဲမှ ၁၂၅ ယောက်က အမျိုးသားဖြစ်ပြီး ကျန်တဲ့ ၄၅
ယောက်ကတော့ အမျိုးသမီးတွေ ဖြစ်တယ်လိုသိရပါတယ်။ ဗုံးပေါက်ကွဲမူကြောင့်
ထိခိုက် ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံးကြီးနှင့် နီးစပ်ရာ
ဆေးခန်းတို့ကို ခေါ်ဆောင်သွားတာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာတော့
ဒဏ်ရာရသူများအပြင် အသိဆွေမျိုးတွေကြောင့် ပြည့်ကြပ်နေခဲ့တယ်လို့
ဆိုပါတယ်။






