အိန္ဒြာကျော်ဇင်
ပေါ့ပေါ့ပါးပါး အဝတ်လေးတွေ ဝတ်မယ်။
သရုပ်ဆောင်ရသလို မြန်မာဆန်ဆန်ဆိုရင် မြန်မာဖက်ရှင် ထွင်ဝတ်မယ်။
ဖန်စီအရောင်တောက်တောက်တွေကိုလည်း ဝတ်မယ်။
ဆံပင်ကောက်ပဲ ဆက် ထားမယ်။
အရောင်ခပ်မှိုင်းမှိုင်းလည်း ကြိုက်တာပါပဲ။
နေတိုး
ဆံပင်အမည်းရောင်နဲ့ ခပ်ရှင်းရှင်းပုံပဲ ကြိုက်တယ်။
ဘောင်းဘီပေါ့ပေါ့ပါးပါးနဲ့ ရှပ်ဝတ်မယ်။
ရှူးဖိနပ်စီးဖြစ်ဖို့များပြီး အကြိုက်ဆုံး အရောင်က အဖြူပဲ။
အဖြူဝတ်ထားရင် စိတ်ကျေနပ်တယ်။
ဝတ်မှုံရွှေရည်
ဂါဝန်၊ စကက်တို ဝတ်ဖို့စိတ်ကူးထားတယ်။
အကောက်ပြေဆံပင်ပုံစံ သဘောကျတယ်။
အရောင်ငြိမ်လေးတွေဖြစ်တဲ့ မီးခိုး၊ ကာကီရောင် နဲ့ အပြာနုလေးတွေ
ကြိုက်တယ်။
မိုးယုစံ
ဆံပင်ကောက်တာကြိုက်တယ်။
ဆံပင်အရောင်ဆန်းဆန်းလေးတွေ ဆိုးမယ်။
လွတ်လပ်ပေါ့ပါး အဝတ် ဝတ်မယ်။
အရောင်ဖျော့အဝတ်လေးတွေ ကြိုက်တယ်။
ဒေါက်ချွန်ဖိနပ် စီးမယ်။
နိုဗယ်ကျော်
ဆံပင်အမည်းရောင်နဲ့ အကောက်ပုံပြောင်းမယ်။
ရောင်စုံအင်္ကျီဖားဖားတွေ ဝတ်မယ်။
အာလာဒင်ဘောင်းဘီမျိုး ကြိုက်တယ်။
မိုးယံဇွန်
နက်ပြာလိုအရောင်မျိုး ကွန်မန်ဒိုဘောင်းဘီ ဝတ်မယ်။
စွပ်ကျယ်ပေါ်မှာ ဂျာကင်ထပ်ပြီး မာဖလာပတ်မယ်။
သရုပ်ဆောင်ရမယ့်ပေါ်မူတည်ပြီး ဆံပင်ပုံစံပြောင်းမယ်။










